အကြောင်း

ဒီဘလော့ဂ်ဆိုဒ်လေးကို ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အချိန်အနည်းငယ်အတွင်း စိတ်ဝင်စားဖွယ် ဗဟုသုတ အပိုင်းအစလေးများကို မှတ်သားသိရှိသွားစေလိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ ကျနော်တို့တွေမှာ အချိန်ဆိုတာ ရှားပါးလာပါတယ်။ ရသမျှအချိန်တော်တော်များများကို ကျနော်တို့လက်ထဲက ဖုန်းတွေထဲကို ရင်းနှီးမြုပ်နှံလိုက်ကြတယ်။ ကျနော်တို့တွေရဲ့ အသုံးချမှုပေါ်မူတည်ပြီး ရလာတဲ့ အကျိုးအမြတ်ကလည်း ကွဲပြားမှုရှိလိမ့်မယ်။ ဒါကြောင့်ပဲ ဒီဘလော့ဂ်ဆိုဒ်လေး ဖြစ်ပေါ်လာရခြင်းရဲ့ လမ်းစပဲဖြစ်ပါတယ်။

ဗဟုသုတ အပိုင်းအစလေးများလို့ ဆိုပေမဲ့ တင်လိုက်တဲ့ ပို့စ်တိုင်းက တိုတိုတုတ်တုတ်တွေချည်းတော့ မဟုတ်ပါဘူး။ တချို့ပို့စ်တွေက အတန်ငယ်ရှည်ပါတယ်။ အကြောင်းအရာ ကဏ္ဍလည်း ကန့်သတ်မထားပါဘူး။

သင့်ရဲ့ Facebook News feed မှာ တခြားဖတ်စရာ၊ ရှုစရာ မရှိတော့လို့ အချိန်ရသေးရင် ဒီဘလော့ဂ်ဆိုဒ်ကို လာရောက်လည်ပတ် ဖတ်ရှုနိုင်ပါတယ်။ ဒီဘလော့ဂ်ဆိုဒ်က သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုလည်း သင်နှစ်သက်သလို ပြန်လည်မျှဝေနိုင်ပါတယ်။

အကယ်၍ ဒီလိုထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ကိုယ်တိုင်ရှာဖွေ ရေးသားလိုတယ်ဆိုရင်လည်း ဒီဘလော့ဂ်ဆိုဒ်လေးမှာ ပါဝင်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်။ ဒီအတွက် သင့်ရဲ့ ဂျီမေးလ်(GMail) လိပ်စာကို diduknowmm@gmail.com သို့ ပေးပို့ဆက်သွယ်နိုင်ပါတယ်။

ဒီဘလော့ဂ်နဲ့ပတ်သက်ပြီး ဝေဖန်အကြံပြုလိုတယ်ဆိုရင်လည်း ဝမ်းမြောက်စွာနဲ့ လက်ခံကြိုဆိုနေပါတယ်။

0 မှတ်ချက်: