Oct 26, 2016

အရှည်ဆုံးမြစ်



#Nile (နိုင်း) မြစ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ် ဖြစ်ပြီး ၆၈၅၃ ကီလိုမီတာ (မိုင်အားဖြင့် ၄၂၅၈.၃ မိုင်) ရှည်လျားသည်။

Oct 14, 2016

ရာသီဥတုနှင့်ပတ်သက်၍ အံ့ဖွယ်အချက်များ (၁)

ရာသီဥတုနှင့်ပတ်သက်၍ အံ့ဖွယ်အချက်များ (၁)
အောက်ဖော်ပြပါ အကြောင်းအရာများကတော့ ရာသီဥတုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အံ့ဩထိတ်လန့်ဖွယ် အချက်တစ်ချို့ပဲဖြစ်ပါတယ်။

Weather


၁။ သဲမုန်တိုင်း(Sandstorm)တွေဟာ မြို့ကြီးတစ်ခုလုံးကို ဝါးမြိုဖုံးလွှမ်းသွားနိုင်စွမ်းရှိတယ်။

၂။ ဖုန်မှုန့်ရောနှောနေတဲ့လေဟာ ဖုန်မှုန့်မုန်တိုင်း(Dust Storm)ဖြစ်ပေါ်စေနိုင်ပြီး ၎င်းကို "မဟူရာနှင်းမုန်တိုင်း"( Black Blizzard) လို့ တင်စားခေါ်ဝါ်ပါတယ်။

၃။ ရွှံ့နွံစီးကြောင်း(Mudslide)တွေဟာ ကျောက်တုံးကျောက်ခဲများ၊ သစ်ပင်များ၊ ယာဉ်များနဲ့ အဆောက်အဦးတွေကိုပါ သယ်ယူမျှောပါသွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သတင်းကို 7days news မှာ သွားဖတ်ကြည့်နိုင်ပါတယ်။

၄။ တရားဝင်မှတ်တမ်းတင်ထားသမျှထဲမှာ အအေးဆုံးဒီဂရီအတိုင်းအတာကတော့ -89.2°C ဖြစ်ပါတယ်။ (ကြောက်စရာ အအေးချိန်အတိုင်းအတာတစ်ခုပါ)

၅။ အပူလိုင်း(Heatwave)ဟာ ရထားသံလမ်းတွေကိုတောင် ကောက်ကွေးသွားစေနိုင်ပါတယ်။

၆။ ကမ္ဘာတစ်ဝန်းမှာ မိုးသက်မုန်တိုင်း(Thunderstorm)ပေါင်း ခန့်မှန်းခြေအရေအတွက် ၁၆ သန်းခန့် နှစ်စဉ်ဖြစ်ပေါ်ပါတယ်။ မိနစ်တိုင်းမှာလဲ  မိုးသက်မုန်တိုင်းပေါင်း ၂၀၀၀ ခန့်ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတင် နှစ်စဉ် မိုးသက်မုန်တိုင်း ၁ သိန်းခန့်ဖြစ်ပေါ်ပါတယ်။

၇။ 2003 ခုနှစ်က ဥရောပမှာ အပူလိုင်းကြောင့် စပျစ်ပင်က စပျစ်သီးတွေဟာ မခူးဆွတ်ရသေးခင်မှာပဲ စပျစ်သီးခြောက်ဘဝ ရောက်သွားကြပါတယ်။

၈။ မိုးစက်မိုးပေါက်တွေရဲ့ အရွယ်အစားဟာ အိမ်တွေမှာရှိတဲ့ ယင်ကောင်တွေအရွယ်စားလောက်ရှိနိုင်ပြီး 30kmph ထက် ကျော်လွန်တဲ့ အရှိန်လောက်နဲ့ ရွာချပါတယ်။

၉။ 2001 ခု ဂျူလိုင်လမှာ အိန္ဒိယနိုင်ငံ ကယ်ရာလာပြည်နယ် (Kerala) မှာ ရွာသွန်းခဲ့တဲ့ မိုးဟာ သွေးရောင်လွှမ်းနေပါတယ်။

၁၀။ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဟာရီကိန်းမုန်တိုင်းတစ်ခုကြောင့် ထိန်းသိမ်းထားတဲ့ စပါးအုံးမြွေအကောင် ၉၀၀ လောက်လွတ်မြောက်သွားဖူးတယ်။

၁၁။ မိုးသက်မုန်တိုင်းတစ်ခုဟာ လေတိုက်နှုန်း ၁၆၀kmph အထိရှိနိုင်တယ်။

၁၂။ အန္တာတိကဒေသမှာ နှင်းကျနှုန်းပြင်းထန်လွန်းလို့ သင့်မျက်နှာရှေ့က သင့်လက်ကိုတောင် မမြင်ရပါဘူးတဲ့။

၁၃။ တောမီးတွေဟာ တစ်ခါတစ်ရံမှာ မီးလျှံလေဆင်နှာမောင်းကို ဖြစ်ပေါ်စေနိုင်တယ်။
Fire tornado

၁၄။ ၁၉၇၂ ခုနှစ် အီရန်နိုင်ငံမှာ နှင်းမုန်တိုင်း(Blizzard)တစ်ခုကြောင့် ဆီးနှင်းကျတာ ၈မီတာလောက်ထူပြီး ကျေးရွာပေါင်း ၂၀၀ လောက်ကို ဖုံးလွှမ်းသွားတယ်လို့ ဆိုပါတယ်။

၁၅။ တစ်ချို့ လေဆင်နှာမောင်းတွေဟာ ဖော်မြူလာဝမ်းပြိုင်ကားတွေထက်တောင် မြန်ပါတယ်တဲ့။

၁၆။ BC ၅၂၅ လောက်မှာ သဲမုန်တိုင်းတစ်ခုကြောင့် အီဂျစ်သဲကန္တာရတစ်ခုမှာ စစ်သားပေါင်းထောင်ချီလောက်ဟာ သဲပြင်အောက်မြုပ်သွားကြတယ်။

၁၇။ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်စေခဲ့တဲ့ မိုးသက်မုန်တိုင်းဟာ ၁၉၉၅ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့ပြီး ခရစ်ကတ်ဘောလုံးအရွယ်စားလောက်ရှိတဲ့ မိုးသီးများ ရွာချခဲ့တယ်လို့ ဆိုပါတယ်။

၁၈။ ၁၆၈၄ ခုနှစ်မှာ အအေးဓာတ်လွန်ကဲတဲ့ အတွက် သိမ်း(Thames)မြစ်ပြင်ကြီးဟာ ၂ လလောက်အထိ အေးခဲနေခဲ့ပါတယ်။
Frozen Thames


Ref: http://www.ngkids.co.uk

Oct 11, 2016

ပုရစ်အော်သံနဲ့ အပူချိန်

သင်သိပြီးပြီလား? ပုရစ်အော်သံကို မှတ်သားရေတွက်ပြီး ရာသီဥတုအပူချိန်ကို တွက်ချက်သိရှိနိုင်ပါတယ်။ တကယ်ပါ၊ အောက်မှာ အသုံးပြုရမဲ့ ဖော်မြူလာကို ဖော်ပြထားပါတယ်။

Cricket

ပုရစ်တွေက ပုဇဉ်းရင်ကွဲတွေလို အဆက်မပြတ် အသံထွက် အော်တာမျိုး မဟုတ်ပါဘူး။ ဂျီ ... ဂျီ ...ဂျီ ဆိုပြီး ပြတ်တောင်းပြတ်တောင်းအသံထွက် အော်တာမျိုးဆိုတာ သိပြီးဖြစ်မှာပါ။

ပုရစ်အော်သံကို အပူချိန် ဒီဂရီဖာရင်ဟိုက် အဖြစ်ပြောင်းလဲရန်အတွက် ၁၄ စက္ကန့် အတွင်းရှိ ပုရစ်ရဲ့ ပြတ်တောင်းပြတ်တောင်းထွက်တဲ့ တဂျီဂျီ အသံ အရေအတွက်ကို ရေတွက်မှတ်သားရမှာ ဖြစ်ပါတယ်။ ပြီးရင် အဲ့ဒီအော်သံအရေအတွက်ကို ၄၀ နဲ့ ပေါင်းလိုက်ရင် အပူချိန်ဒီဂရီဖာရင်ဟိုက်ကို သိရပါပြီ။

ဥပမာ - ၁၄ စက္ကန့်အတွင်းမှာ ပုရစ်ရဲ့ တဂျီဂျီအော်သံအရေတွက် ၃၀ ရှိတယ်ဆိုပါစို့
၃၀ + ၄၀ = ၇၀°F

အကယ်၍ အပူချိန်ရလဒ်ကို ဒီဂရီဆဲလ်စီးယက်စ် အဖြစ်နဲ့ရချင်ရင်တော့ ၂၅ စက္ကန့်အတွင်းရှိ ပုရစ်အော်သံအရေအတွက်ကို ၃ နဲ့ စားပြီး ၄ နဲ့ ပေါင်းရမှာဖြစ်ပါတယ်။

ဥပမာ - ၂၅ စက္ကန့်အတွင်းရှိ ပုရစ်အော်သံအရေအတွက် ၄၈ ကြိမ်ရှိတယ်ဆိုပါစို့
၄၈ / ၃ + ၄ = ၂၀°C

အောက်က ဗွီဒီယိုလေးကို ဖွင့်ကြည့်လိုက်ပါ။


Oct 7, 2016

လျှာဗွေရာ

လူ့ခန္ဓာကိုယ်ထဲက အသန်မာဆုံး ကြွက်သားတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ 'လျှာ'မှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အရည်အသွေးတစ်ခု ရှိပါသေးတယ်၊ အဲ့ဒါကတော့ လျှာဗွေရာ ပါ။

လျှာ

လူတိုင်း မတူကွဲပြားတဲ့ လက်ဗွေရာ ရှိကြသလိုပဲ 'လျှာ' ရဲ့ အရေးအကြောင်းပုံသဏ္ဍာန်ကလဲ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ ဒီတော့ လက်ဗွေရာလိုပဲ လျှာဗွေရာ ကိုစစ်ဆေးပြီး သင်ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့် သင့်လျှာကို အလွယ်တကူ မထုတ်ပြပါနဲ့ 😁😁

Oct 6, 2016

ရှန်ဇီငလျင်

သမိုင်းမှတ်တမ်းအရ လူအသေအပျောက်အများဆုံး ဖြစ်စေခဲ့တဲ့ ငလျင်ကတော့ ၁၅၅၆ ခုနှစ် တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးပဲ ဖြစ်ပါတယ်။ ခန့်မှန်းခြေ သေဆုံးသူဦးရေ ၈၃၀၀၀၀ ခန့်လောက်ရှိတယ်လို့ ဆိုပါတယ်။



ငလျင်ပြင်းအားက ၈.၀ ကနေ ၈.၃ မက်ကနီကျု့လောက်ရှိပေမဲ့ မှတ်တမ်းအရ အားအပြင်းဆုံး ငလျင်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူနေထူထပ်ပြီး ကောင်းစွာဆောက်လုပ်ထားခြင်းမရှိတဲ့ အဆောက်အဦးများကြောင့် ထိုကဲ့သို့ လူအသေအပျောက်များခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Oct 3, 2016

အံ့ဖွယ် ဦးနှောက်

သင့်ခေါင်းထဲမှာ သင်လုပ်သမျှတိုင်းကို ထိန်းချုပ်တဲ့ ရှုံ့တွတွအရာဝတ္ထုတစ်ခုရှိပါတယ်။ အဲ့ဒီအရာဟာ အလေးချိန် ၁.၃ ကီလိုဂရမ်ဝန်းကျင် အလေးချိန်ရှိပြီး ၎င်းဟာ သင့်ကို တွေးတောနိုင်စေတယ်၊ လေ့လာသင်ယူနိုင်စေတယ်၊ စိတ်ခံစားမှုတွေ ဖြစ်ပေါ်ခံစားနိုင်စေသလို သင်မျက်တောင်ခတ်တာ၊ အသက်ရှူတာနဲ့ နှလုံးခုန်တာတွေကိုပါ ညွှန်ကြားထိန်းချုပ်နေပါတယ်။


အဲ့ဒီဆန်းကျယ်လှတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကတော့ ဦးနှောက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အံ့ဩစရာကောင်းတဲ့ အဲ့ဒီဦးနှောက်ကို သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ James D. Watson က ဦးနှောက်ဟာ "ကျနော်တို့ စကြဝဠာကြီးထဲက ရှာဖွေ့တွေ့ရှိရသမျှတွေထဲမှာ အရှုပ်ထွေးဆုံး အရာဝတ္ထု" အဖြစ် ပြောဆိုခဲ့တာဖြစ်တယ်။ အောက်ဖော်ပြပါ အချက်အလက်တွေက စိတ်ဝင်စားစရာပါ။

Oct 1, 2016

ကျား




သင်သိပါသလား?
လွတ်လွတ်လပ်လပ်မနေရဘဲ ချုပ်နှောင်ခံနေရသောကျားသည် မည်သူ့ကိုမဆို အန္တရာယ်ပြု နိုင်သည်။ ထိုကြောင့် တိရစ္ဆာန်ရုံများသို့ သွားရောက်လည်ပတ် ပါက ကျားကို သွားမစမိရန် သတိထားသင့်သည်။

Sep 16, 2016

ရောင်းဝယ်ဖောက်ကားမှုအများဆုံး ကုန်ပစ္စည်း

ရောင်းဝယ်ဖောက်ကားမှုအများဆုံး ကုန်ပစ္စည်း
ကမ္ဘာပေါ်မှာ ရောင်းဝယ်ဖောက်ကားမှု အများဆုံး ထုတ်ကုန်ကတော့ ရေနံစိမ်းဖြစ်ပြီး ၎င်းရဲ့ဆင့်ပွားထုတ်လုပ်တဲ့ ဆီများလည်းပါဝင်ပါတယ်။ ဒုတိယအများဆုံး ရောင်းဝယ်ဖောက်မှုကတော့ ကော်ဖီဖြစ်ပါတယ်။

ရေနံ


Sep 15, 2016

ပုတ်သင်ညိုရဲ့ လျှာ

ပုတ်သင်ညိုရဲ့ လျှာ
ပုတ်သင်ညိုတစ်ကောင်ရဲ့ လျှာဟာ သူ့ခန္ဓာကိုယ်ရဲ့ နှစ်ဆလောက်အထိ ရှည်ပါတယ်။ ဒါပေမဲ့ သူ့အမြီးကိုပါ ခန္ဓာကိုယ်အတိုင်းအတာထဲ ထည့်တွက်မယ်ဆိုရင်တော့ သူ့ရဲ့လျှာဟာ သူ့ခေါင်းကနေ အမြီးဖျားအထိရှည်ပါတယ်တဲ့။

chameleon

ဒစ်ဂျစ်တယ် ကမ္ဘာကြီး

ဒစ်ဂျစ်တယ် ကမ္ဘာကြီး
ကျနော်တို့တွေဟာ ကွန်ပျူတာ၊ စမတ်ဖုန်းတွေနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ နေကြသူတွေပါ။ ကျနော်တို့တွေရဲ့ စာဖတ်တဲ့ အလေ့အထဟာလည်း သတင်းစာ၊ မဂ္ဂဇင်းတွေကနေ ကွန်ပျူတာ၊ စမတ်ဖုန်းတွေပေါ်မှာ ပြောင်းလဲဖတ်ရှုလာကြပါတယ်။

ဒါပေမဲ့ ကျနော်တို့တွေရဲ့ စာဖတ်တဲ့အမြန်နှုန်းကတော့ ၂၅ ရာခိုင်နှုန်းလောက် လျှော့ကျသွားပါတယ်။ မှန်ပါတယ် ကွန်ပျူတာ၊ စမတ်ဖုန်းတွေမှာ စာဖတ်တာက စာရွက်အခြေခံတဲ့ စာအုပ်တွေဖတ်တာထက် စာဖတ်တဲ့အမြန်နှုန်း ပိုနှေးကွေးပါတယ်။

reading

ဆင်တွေ မခုန်နိုင်ပါဘူး

ဆင်တွေ မခုန်နိုင်ပါဘူး
ဆင်ကြီးတွေခုန်တာ သင်မြင်ဖူးပါသလား။ ဆင်တွေဟာ မခုန်နိုင်ကြပါဘူး။ ဆင်တွေဟာ မခုန်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တဝါပါ။

elephant

လိပ်ပြာ

လိပ်ပြာ
လိပ်ပြာတွေမှာ မှန်ဘီလူးပေါင်း ထောင်ချီပါဝင်တဲ့ မျက်လုံးနှစ်လုံးရှိပါတယ်။ ဒါပေမဲ့လည်း အံ့ဩစရာကောင်းတာက လိပ်ပြာတွေဟာ အနီ၊ အဝါ နဲ့ အစိမ်းရောင်တွေကိုသာ မြင်တွေ့နိုင်ကြပါတယ်။

butterfly

ဘတ္တီရီးယား

ဘတ္တီရီးယား
ကျနော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘက်တီရီးယားပိုးတွေ အများအပြား ရှိပါတယ်။ အရွယ်ရောက်ပြီးလူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘက်တီရီးယားပိုး အလေးချိန် ၁၀ ပေါင် ဝန်းကျင်ခန့် ရှိကြပါတယ်တဲ့၊ ဒါဟာ စွပ်ပြုတ်တစ်ပန်းကန်စာလောက်ရှိပါတယ်။ ဖြစ်နိုင်ပါ့မလားပေါ့။

လေ့လာမှုတွေအရ အနုဇီဝလို့ခေါ်တဲ့ ဘတ္တီရီးယားတွေဟာ ကျနော်တို့ ခန္ဓာကိုယ်ဆဲလ်တွေထက် ဆယ်ဆပိုများပါတယ်။ သင်မှတ်ထားရမှာက ဒါဟာ ခန့်မှန်းချက်တစ်ခုပဲဖြစ်ပါသေးတယ်။


လူ့ခန္ဓာကိုယ်

လူ့ခန္ဓာကိုယ်
ကျနော်တို့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးဟာ ၇ နှစ်အတွင်းမှာ တဖြည်းဖြည်း အစားထိုးခံလာရပါတယ်တဲ့၊ တနည်းအားဖြင့် ပြောရရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာတယ်ပေါ့။

ဒါကြောင့် လွန်ခဲ့ ၇ နှစ်တုန်းက ကျနော်တို့တွေဟာ အခုလက်ရှိကျနော်တို့တွေ မဟုတ်ကြတော့ပါဘူး။



Sep 10, 2016

သစ်ကုလားအုပ်

သစ်ကုလားအုပ်
သစ်ကုလားအုပ်တစ်ကောင်ရဲ့ လျှာဟာ အရှည် ၁၈ လက်မကနေ ၂၁ လက်မလောက်အထိ ရှိပြီး ၎င်းတို့ရဲ့ နားရွက်တွေကိုတောင် သူတို့ရဲ့လျှာနဲ့ သန့်ရှင်းရေးလုပ်နိုင်ပါတယ်တဲ့။




အပြာရောင်

အပြာရောင်
အပြာရောင်ဟာ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အကြိုက်ဆုံးအရောင်ပါ။ ကောင်းကင်ကြီးလဲ ပြာတယ်၊ ပင်လယ်ကြီးလဲ ပြာတယ်၊ လူအများအပြားကလည်း ဒီအရောင်ကို ကြိုက်ကြတယ်။ ဒါပေမဲ့ သဘာဝထွက် စားစရာထဲမှာ အပြာရောင်မရှိပါဘူးတဲ့။ ဖြစ်နိုင်တာကတော့ အပြာရောင်ရှိတဲ့ အစားအစာတွေဟာ အဆိပ်သင့်အစားအစာတွေနဲ့ တော်တော်လေး နီးစပ်ဆက်နွယ်နေလို့ပါပဲ။ အစားအစာတစ်ခု အပြာရောင်သန်းသွားပြီဆိုရင် အဲ့ဒီအစာဟာ အဆိပ်သင့်နေပြီလို့ ယူဆနိုင်ပါတယ်တဲ့။

blue



ယုန် နဲ့ ကြက်တူရွေး

ယုန် နဲ့ ကြက်တူရွေး
ယုန် နဲ့ ကြက်တူရွေးဟာ ၎င်းတို့အနောက်ဘက်ကို ခေါင်းလှည့်ကြည့်စရာမလိုဘဲ မြင်တွေ့နိုင်ပါတယ်။


မီးတောင်

သင်သိပါသလား? ဩစတြီးယားတိုက်ဟာ ကမ္ဘာပေါ်မှာ မီးတောင်ရှင်မရှိတဲ့ တစ်ခုတည်းသော တိုက်ပါ။


ပျားရည်

ပျားရည်တွေဟာ သက်တမ်းကုန်ဆုံးရက် မရှိပါဘူး။ ၎င်းဟာ ရေစိုနေသော ဇွန်းဖြင့် ခပ်ခြင်းကဲ့သို့သော အခြားပယောဂမသင့်ဘူးဆိုရင် ရာသက်ပန် တာရှည်ခံပြီး ကောင်းမွန်နေတုန်းပဲ ဖြစ်ပါတယ်။





အသက်ရှူခြင်း

အသက်ရှူခြင်း
သင်စကားပြောနေစဉ်မှာ အသက်ရှူလို့ မရဘူးဆိုတာ သင်သတိထားမိပါသလား? အပြန်အလှန်အားဖြင့် အသက်ရှူသွင်း၊ ရှူထုတ်လုပ်နေရင်းနဲ့လဲ စကားပြောလို့ မရပါဘူး။ လက်တွေ့စမ်းကြည့်ပါ။


ကမ္ဘာမြေဆွဲအား

ကမ္ဘာပေါ်က မြေဆွဲအားဟာ နေရာတိုင်းမှာ တူညီမှုမရှိပါဘူး။ တချို့နေရာဒေသတွေမှာ မြေဆွဲအားနည်းပြီး တစ်ချို့နေရာတွေမှာတော့ မြေဆွဲအားပိုပြင်းနေတတ်ပါတယ်။ အကယ်၍များ သင်ဟာ ကနေဒါနိုင်ငံ၊ Hudson Bay အရပ်မှာနေထိုင်သူဆိုရင် အဲ့ဒီနေရာဟာ တခြားနေရာထက် ကမ္ဘာမြေဆွဲအား နည်းတဲ့နေရာဖြစ်ပါတယ်။ သိရသလောက်တော့ အဲ့လိုဖြစ်ရခြင်းဟာ အဲ့ဒီမှာစီးဆင်းလေ့ရှိတဲ့ ရေခဲမြစ်ကြောင့်ပါတဲ့။

မြေဆွဲအား

အန္တာတိကတိုက်

အန္တာတိကတိုက်
သင်သိပြီးပြီလား? အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာ သောက်သုံးနိုင်တဲ့ ရေချို ၇၀% ရှိသောနေရာဖြစ်တယ်။ ပြီးတော့ ကမ္ဘာပေါ်က ရေခဲတွေရဲ့ ၉၀ ရာခိုင်နှုန်း ရှိတဲ့နေရာလဲဖြစ်တယ်။


ဇီးကွက်

ဇီးကွက်တွေရဲ့ မျက်ဆံဟာ ရွေ့လျားနိုင်စွမ်းမရှိပါဘူး။

ဇီးကွက်

ပုဇဉ်း

ပုဇဉ်းတွေဟာ တစ်ချိန်တည်းမှာပဲ အရပ်မျက်နှာ အားလုံးကို မြင်နိုင်စွမ်းရှိတယ်။

ပုဇဉ်း

မျောက်

မျောက်တွေဟာ ကျွန်တော်တို့ လူသားတွေလိုပဲ အသက်ကြီးလာတဲ့အခါ ခေါင်းမွေးပြောင်လာတတ်တယ်။

မျောက်

ဖား

ဖားတွေဟာ သူတို့ရဲ့ အရေပြားကတစ်ဆင့် ရေကိုစုပ်ယူသောက်ကြတယ်။

ဖား

ကြက်

ကြက်တစ်ကောင် ပျံသန်းမှုရဲ့ အကြာဆုံး မှတ်တမ်းတင်ထားတဲ့ ကြာချိန်ကတော့ ၁၃ စက္ကန့်ပဲဖြစ်ပါတယ်။

ကြက်