Oct 6, 2016

ရှန်ဇီငလျင်

သမိုင်းမှတ်တမ်းအရ လူအသေအပျောက်အများဆုံး ဖြစ်စေခဲ့တဲ့ ငလျင်ကတော့ ၁၅၅၆ ခုနှစ် တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးပဲ ဖြစ်ပါတယ်။ ခန့်မှန်းခြေ သေဆုံးသူဦးရေ ၈၃၀၀၀၀ ခန့်လောက်ရှိတယ်လို့ ဆိုပါတယ်။



ငလျင်ပြင်းအားက ၈.၀ ကနေ ၈.၃ မက်ကနီကျု့လောက်ရှိပေမဲ့ မှတ်တမ်းအရ အားအပြင်းဆုံး ငလျင်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူနေထူထပ်ပြီး ကောင်းစွာဆောက်လုပ်ထားခြင်းမရှိတဲ့ အဆောက်အဦးများကြောင့် ထိုကဲ့သို့ လူအသေအပျောက်များခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
banner
ရှေ့ပို့စ်တစ်ခု
နောက်ပို့စ်တစ်ခု

0 မှတ်ချက်: