Oct 11, 2016

ပုရစ်အော်သံနဲ့ အပူချိန်

သင်သိပြီးပြီလား? ပုရစ်အော်သံကို မှတ်သားရေတွက်ပြီး ရာသီဥတုအပူချိန်ကို တွက်ချက်သိရှိနိုင်ပါတယ်။ တကယ်ပါ၊ အောက်မှာ အသုံးပြုရမဲ့ ဖော်မြူလာကို ဖော်ပြထားပါတယ်။

Cricket

ပုရစ်တွေက ပုဇဉ်းရင်ကွဲတွေလို အဆက်မပြတ် အသံထွက် အော်တာမျိုး မဟုတ်ပါဘူး။ ဂျီ ... ဂျီ ...ဂျီ ဆိုပြီး ပြတ်တောင်းပြတ်တောင်းအသံထွက် အော်တာမျိုးဆိုတာ သိပြီးဖြစ်မှာပါ။

ပုရစ်အော်သံကို အပူချိန် ဒီဂရီဖာရင်ဟိုက် အဖြစ်ပြောင်းလဲရန်အတွက် ၁၄ စက္ကန့် အတွင်းရှိ ပုရစ်ရဲ့ ပြတ်တောင်းပြတ်တောင်းထွက်တဲ့ တဂျီဂျီ အသံ အရေအတွက်ကို ရေတွက်မှတ်သားရမှာ ဖြစ်ပါတယ်။ ပြီးရင် အဲ့ဒီအော်သံအရေအတွက်ကို ၄၀ နဲ့ ပေါင်းလိုက်ရင် အပူချိန်ဒီဂရီဖာရင်ဟိုက်ကို သိရပါပြီ။

ဥပမာ - ၁၄ စက္ကန့်အတွင်းမှာ ပုရစ်ရဲ့ တဂျီဂျီအော်သံအရေတွက် ၃၀ ရှိတယ်ဆိုပါစို့
၃၀ + ၄၀ = ၇၀°F

အကယ်၍ အပူချိန်ရလဒ်ကို ဒီဂရီဆဲလ်စီးယက်စ် အဖြစ်နဲ့ရချင်ရင်တော့ ၂၅ စက္ကန့်အတွင်းရှိ ပုရစ်အော်သံအရေအတွက်ကို ၃ နဲ့ စားပြီး ၄ နဲ့ ပေါင်းရမှာဖြစ်ပါတယ်။

ဥပမာ - ၂၅ စက္ကန့်အတွင်းရှိ ပုရစ်အော်သံအရေအတွက် ၄၈ ကြိမ်ရှိတယ်ဆိုပါစို့
၄၈ / ၃ + ၄ = ၂၀°C

အောက်က ဗွီဒီယိုလေးကို ဖွင့်ကြည့်လိုက်ပါ။


banner
ရှေ့ပို့စ်တစ်ခု
နောက်ပို့စ်တစ်ခု

2 comments:

  1. ဝိုး...သဘာဝကပေးတဲ့ အပူချိန်တိုင်းကိရိယာ

    ReplyDelete
  2. ဝိုး သဘာဝကိုဘာမှမမှီ

    ReplyDelete