Oct 26, 2016

အရှည်ဆုံးမြစ်



#Nile (နိုင်း) မြစ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ် ဖြစ်ပြီး ၆၈၅၃ ကီလိုမီတာ (မိုင်အားဖြင့် ၄၂၅၈.၃ မိုင်) ရှည်လျားသည်။

Oct 14, 2016

ရာသီဥတုနှင့်ပတ်သက်၍ အံ့ဖွယ်အချက်များ (၁)

ရာသီဥတုနှင့်ပတ်သက်၍ အံ့ဖွယ်အချက်များ (၁)
အောက်ဖော်ပြပါ အကြောင်းအရာများကတော့ ရာသီဥတုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အံ့ဩထိတ်လန့်ဖွယ် အချက်တစ်ချို့ပဲဖြစ်ပါတယ်။

Weather


၁။ သဲမုန်တိုင်း(Sandstorm)တွေဟာ မြို့ကြီးတစ်ခုလုံးကို ဝါးမြိုဖုံးလွှမ်းသွားနိုင်စွမ်းရှိတယ်။

၂။ ဖုန်မှုန့်ရောနှောနေတဲ့လေဟာ ဖုန်မှုန့်မုန်တိုင်း(Dust Storm)ဖြစ်ပေါ်စေနိုင်ပြီး ၎င်းကို "မဟူရာနှင်းမုန်တိုင်း"( Black Blizzard) လို့ တင်စားခေါ်ဝါ်ပါတယ်။

၃။ ရွှံ့နွံစီးကြောင်း(Mudslide)တွေဟာ ကျောက်တုံးကျောက်ခဲများ၊ သစ်ပင်များ၊ ယာဉ်များနဲ့ အဆောက်အဦးတွေကိုပါ သယ်ယူမျှောပါသွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သတင်းကို 7days news မှာ သွားဖတ်ကြည့်နိုင်ပါတယ်။

၄။ တရားဝင်မှတ်တမ်းတင်ထားသမျှထဲမှာ အအေးဆုံးဒီဂရီအတိုင်းအတာကတော့ -89.2°C ဖြစ်ပါတယ်။ (ကြောက်စရာ အအေးချိန်အတိုင်းအတာတစ်ခုပါ)

၅။ အပူလိုင်း(Heatwave)ဟာ ရထားသံလမ်းတွေကိုတောင် ကောက်ကွေးသွားစေနိုင်ပါတယ်။

၆။ ကမ္ဘာတစ်ဝန်းမှာ မိုးသက်မုန်တိုင်း(Thunderstorm)ပေါင်း ခန့်မှန်းခြေအရေအတွက် ၁၆ သန်းခန့် နှစ်စဉ်ဖြစ်ပေါ်ပါတယ်။ မိနစ်တိုင်းမှာလဲ  မိုးသက်မုန်တိုင်းပေါင်း ၂၀၀၀ ခန့်ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတင် နှစ်စဉ် မိုးသက်မုန်တိုင်း ၁ သိန်းခန့်ဖြစ်ပေါ်ပါတယ်။

၇။ 2003 ခုနှစ်က ဥရောပမှာ အပူလိုင်းကြောင့် စပျစ်ပင်က စပျစ်သီးတွေဟာ မခူးဆွတ်ရသေးခင်မှာပဲ စပျစ်သီးခြောက်ဘဝ ရောက်သွားကြပါတယ်။

၈။ မိုးစက်မိုးပေါက်တွေရဲ့ အရွယ်အစားဟာ အိမ်တွေမှာရှိတဲ့ ယင်ကောင်တွေအရွယ်စားလောက်ရှိနိုင်ပြီး 30kmph ထက် ကျော်လွန်တဲ့ အရှိန်လောက်နဲ့ ရွာချပါတယ်။

၉။ 2001 ခု ဂျူလိုင်လမှာ အိန္ဒိယနိုင်ငံ ကယ်ရာလာပြည်နယ် (Kerala) မှာ ရွာသွန်းခဲ့တဲ့ မိုးဟာ သွေးရောင်လွှမ်းနေပါတယ်။

၁၀။ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဟာရီကိန်းမုန်တိုင်းတစ်ခုကြောင့် ထိန်းသိမ်းထားတဲ့ စပါးအုံးမြွေအကောင် ၉၀၀ လောက်လွတ်မြောက်သွားဖူးတယ်။

၁၁။ မိုးသက်မုန်တိုင်းတစ်ခုဟာ လေတိုက်နှုန်း ၁၆၀kmph အထိရှိနိုင်တယ်။

၁၂။ အန္တာတိကဒေသမှာ နှင်းကျနှုန်းပြင်းထန်လွန်းလို့ သင့်မျက်နှာရှေ့က သင့်လက်ကိုတောင် မမြင်ရပါဘူးတဲ့။

၁၃။ တောမီးတွေဟာ တစ်ခါတစ်ရံမှာ မီးလျှံလေဆင်နှာမောင်းကို ဖြစ်ပေါ်စေနိုင်တယ်။
Fire tornado

၁၄။ ၁၉၇၂ ခုနှစ် အီရန်နိုင်ငံမှာ နှင်းမုန်တိုင်း(Blizzard)တစ်ခုကြောင့် ဆီးနှင်းကျတာ ၈မီတာလောက်ထူပြီး ကျေးရွာပေါင်း ၂၀၀ လောက်ကို ဖုံးလွှမ်းသွားတယ်လို့ ဆိုပါတယ်။

၁၅။ တစ်ချို့ လေဆင်နှာမောင်းတွေဟာ ဖော်မြူလာဝမ်းပြိုင်ကားတွေထက်တောင် မြန်ပါတယ်တဲ့။

၁၆။ BC ၅၂၅ လောက်မှာ သဲမုန်တိုင်းတစ်ခုကြောင့် အီဂျစ်သဲကန္တာရတစ်ခုမှာ စစ်သားပေါင်းထောင်ချီလောက်ဟာ သဲပြင်အောက်မြုပ်သွားကြတယ်။

၁၇။ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်စေခဲ့တဲ့ မိုးသက်မုန်တိုင်းဟာ ၁၉၉၅ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့ပြီး ခရစ်ကတ်ဘောလုံးအရွယ်စားလောက်ရှိတဲ့ မိုးသီးများ ရွာချခဲ့တယ်လို့ ဆိုပါတယ်။

၁၈။ ၁၆၈၄ ခုနှစ်မှာ အအေးဓာတ်လွန်ကဲတဲ့ အတွက် သိမ်း(Thames)မြစ်ပြင်ကြီးဟာ ၂ လလောက်အထိ အေးခဲနေခဲ့ပါတယ်။
Frozen Thames


Ref: http://www.ngkids.co.uk

Oct 11, 2016

ပုရစ်အော်သံနဲ့ အပူချိန်

သင်သိပြီးပြီလား? ပုရစ်အော်သံကို မှတ်သားရေတွက်ပြီး ရာသီဥတုအပူချိန်ကို တွက်ချက်သိရှိနိုင်ပါတယ်။ တကယ်ပါ၊ အောက်မှာ အသုံးပြုရမဲ့ ဖော်မြူလာကို ဖော်ပြထားပါတယ်။

Cricket

ပုရစ်တွေက ပုဇဉ်းရင်ကွဲတွေလို အဆက်မပြတ် အသံထွက် အော်တာမျိုး မဟုတ်ပါဘူး။ ဂျီ ... ဂျီ ...ဂျီ ဆိုပြီး ပြတ်တောင်းပြတ်တောင်းအသံထွက် အော်တာမျိုးဆိုတာ သိပြီးဖြစ်မှာပါ။

ပုရစ်အော်သံကို အပူချိန် ဒီဂရီဖာရင်ဟိုက် အဖြစ်ပြောင်းလဲရန်အတွက် ၁၄ စက္ကန့် အတွင်းရှိ ပုရစ်ရဲ့ ပြတ်တောင်းပြတ်တောင်းထွက်တဲ့ တဂျီဂျီ အသံ အရေအတွက်ကို ရေတွက်မှတ်သားရမှာ ဖြစ်ပါတယ်။ ပြီးရင် အဲ့ဒီအော်သံအရေအတွက်ကို ၄၀ နဲ့ ပေါင်းလိုက်ရင် အပူချိန်ဒီဂရီဖာရင်ဟိုက်ကို သိရပါပြီ။

ဥပမာ - ၁၄ စက္ကန့်အတွင်းမှာ ပုရစ်ရဲ့ တဂျီဂျီအော်သံအရေတွက် ၃၀ ရှိတယ်ဆိုပါစို့
၃၀ + ၄၀ = ၇၀°F

အကယ်၍ အပူချိန်ရလဒ်ကို ဒီဂရီဆဲလ်စီးယက်စ် အဖြစ်နဲ့ရချင်ရင်တော့ ၂၅ စက္ကန့်အတွင်းရှိ ပုရစ်အော်သံအရေအတွက်ကို ၃ နဲ့ စားပြီး ၄ နဲ့ ပေါင်းရမှာဖြစ်ပါတယ်။

ဥပမာ - ၂၅ စက္ကန့်အတွင်းရှိ ပုရစ်အော်သံအရေအတွက် ၄၈ ကြိမ်ရှိတယ်ဆိုပါစို့
၄၈ / ၃ + ၄ = ၂၀°C

အောက်က ဗွီဒီယိုလေးကို ဖွင့်ကြည့်လိုက်ပါ။


Oct 7, 2016

လျှာဗွေရာ

လူ့ခန္ဓာကိုယ်ထဲက အသန်မာဆုံး ကြွက်သားတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ 'လျှာ'မှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အရည်အသွေးတစ်ခု ရှိပါသေးတယ်၊ အဲ့ဒါကတော့ လျှာဗွေရာ ပါ။

လျှာ

လူတိုင်း မတူကွဲပြားတဲ့ လက်ဗွေရာ ရှိကြသလိုပဲ 'လျှာ' ရဲ့ အရေးအကြောင်းပုံသဏ္ဍာန်ကလဲ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ ဒီတော့ လက်ဗွေရာလိုပဲ လျှာဗွေရာ ကိုစစ်ဆေးပြီး သင်ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့် သင့်လျှာကို အလွယ်တကူ မထုတ်ပြပါနဲ့ 😁😁

Oct 6, 2016

ရှန်ဇီငလျင်

သမိုင်းမှတ်တမ်းအရ လူအသေအပျောက်အများဆုံး ဖြစ်စေခဲ့တဲ့ ငလျင်ကတော့ ၁၅၅၆ ခုနှစ် တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးပဲ ဖြစ်ပါတယ်။ ခန့်မှန်းခြေ သေဆုံးသူဦးရေ ၈၃၀၀၀၀ ခန့်လောက်ရှိတယ်လို့ ဆိုပါတယ်။



ငလျင်ပြင်းအားက ၈.၀ ကနေ ၈.၃ မက်ကနီကျု့လောက်ရှိပေမဲ့ မှတ်တမ်းအရ အားအပြင်းဆုံး ငလျင်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူနေထူထပ်ပြီး ကောင်းစွာဆောက်လုပ်ထားခြင်းမရှိတဲ့ အဆောက်အဦးများကြောင့် ထိုကဲ့သို့ လူအသေအပျောက်များခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Oct 3, 2016

အံ့ဖွယ် ဦးနှောက်

သင့်ခေါင်းထဲမှာ သင်လုပ်သမျှတိုင်းကို ထိန်းချုပ်တဲ့ ရှုံ့တွတွအရာဝတ္ထုတစ်ခုရှိပါတယ်။ အဲ့ဒီအရာဟာ အလေးချိန် ၁.၃ ကီလိုဂရမ်ဝန်းကျင် အလေးချိန်ရှိပြီး ၎င်းဟာ သင့်ကို တွေးတောနိုင်စေတယ်၊ လေ့လာသင်ယူနိုင်စေတယ်၊ စိတ်ခံစားမှုတွေ ဖြစ်ပေါ်ခံစားနိုင်စေသလို သင်မျက်တောင်ခတ်တာ၊ အသက်ရှူတာနဲ့ နှလုံးခုန်တာတွေကိုပါ ညွှန်ကြားထိန်းချုပ်နေပါတယ်။


အဲ့ဒီဆန်းကျယ်လှတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကတော့ ဦးနှောက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အံ့ဩစရာကောင်းတဲ့ အဲ့ဒီဦးနှောက်ကို သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ James D. Watson က ဦးနှောက်ဟာ "ကျနော်တို့ စကြဝဠာကြီးထဲက ရှာဖွေ့တွေ့ရှိရသမျှတွေထဲမှာ အရှုပ်ထွေးဆုံး အရာဝတ္ထု" အဖြစ် ပြောဆိုခဲ့တာဖြစ်တယ်။ အောက်ဖော်ပြပါ အချက်အလက်တွေက စိတ်ဝင်စားစရာပါ။

Oct 1, 2016

ကျား




သင်သိပါသလား?
လွတ်လွတ်လပ်လပ်မနေရဘဲ ချုပ်နှောင်ခံနေရသောကျားသည် မည်သူ့ကိုမဆို အန္တရာယ်ပြု နိုင်သည်။ ထိုကြောင့် တိရစ္ဆာန်ရုံများသို့ သွားရောက်လည်ပတ် ပါက ကျားကို သွားမစမိရန် သတိထားသင့်သည်။