Oct 14, 2016

ရာသီဥတုနှင့်ပတ်သက်၍ အံ့ဖွယ်အချက်များ (၁)

အောက်ဖော်ပြပါ အကြောင်းအရာများကတော့ ရာသီဥတုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အံ့ဩထိတ်လန့်ဖွယ် အချက်တစ်ချို့ပဲဖြစ်ပါတယ်။

Weather


၁။ သဲမုန်တိုင်း(Sandstorm)တွေဟာ မြို့ကြီးတစ်ခုလုံးကို ဝါးမြိုဖုံးလွှမ်းသွားနိုင်စွမ်းရှိတယ်။

၂။ ဖုန်မှုန့်ရောနှောနေတဲ့လေဟာ ဖုန်မှုန့်မုန်တိုင်း(Dust Storm)ဖြစ်ပေါ်စေနိုင်ပြီး ၎င်းကို "မဟူရာနှင်းမုန်တိုင်း"( Black Blizzard) လို့ တင်စားခေါ်ဝါ်ပါတယ်။

၃။ ရွှံ့နွံစီးကြောင်း(Mudslide)တွေဟာ ကျောက်တုံးကျောက်ခဲများ၊ သစ်ပင်များ၊ ယာဉ်များနဲ့ အဆောက်အဦးတွေကိုပါ သယ်ယူမျှောပါသွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သတင်းကို 7days news မှာ သွားဖတ်ကြည့်နိုင်ပါတယ်။

၄။ တရားဝင်မှတ်တမ်းတင်ထားသမျှထဲမှာ အအေးဆုံးဒီဂရီအတိုင်းအတာကတော့ -89.2°C ဖြစ်ပါတယ်။ (ကြောက်စရာ အအေးချိန်အတိုင်းအတာတစ်ခုပါ)

၅။ အပူလိုင်း(Heatwave)ဟာ ရထားသံလမ်းတွေကိုတောင် ကောက်ကွေးသွားစေနိုင်ပါတယ်။

၆။ ကမ္ဘာတစ်ဝန်းမှာ မိုးသက်မုန်တိုင်း(Thunderstorm)ပေါင်း ခန့်မှန်းခြေအရေအတွက် ၁၆ သန်းခန့် နှစ်စဉ်ဖြစ်ပေါ်ပါတယ်။ မိနစ်တိုင်းမှာလဲ  မိုးသက်မုန်တိုင်းပေါင်း ၂၀၀၀ ခန့်ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတင် နှစ်စဉ် မိုးသက်မုန်တိုင်း ၁ သိန်းခန့်ဖြစ်ပေါ်ပါတယ်။

၇။ 2003 ခုနှစ်က ဥရောပမှာ အပူလိုင်းကြောင့် စပျစ်ပင်က စပျစ်သီးတွေဟာ မခူးဆွတ်ရသေးခင်မှာပဲ စပျစ်သီးခြောက်ဘဝ ရောက်သွားကြပါတယ်။

၈။ မိုးစက်မိုးပေါက်တွေရဲ့ အရွယ်အစားဟာ အိမ်တွေမှာရှိတဲ့ ယင်ကောင်တွေအရွယ်စားလောက်ရှိနိုင်ပြီး 30kmph ထက် ကျော်လွန်တဲ့ အရှိန်လောက်နဲ့ ရွာချပါတယ်။

၉။ 2001 ခု ဂျူလိုင်လမှာ အိန္ဒိယနိုင်ငံ ကယ်ရာလာပြည်နယ် (Kerala) မှာ ရွာသွန်းခဲ့တဲ့ မိုးဟာ သွေးရောင်လွှမ်းနေပါတယ်။

၁၀။ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဟာရီကိန်းမုန်တိုင်းတစ်ခုကြောင့် ထိန်းသိမ်းထားတဲ့ စပါးအုံးမြွေအကောင် ၉၀၀ လောက်လွတ်မြောက်သွားဖူးတယ်။

၁၁။ မိုးသက်မုန်တိုင်းတစ်ခုဟာ လေတိုက်နှုန်း ၁၆၀kmph အထိရှိနိုင်တယ်။

၁၂။ အန္တာတိကဒေသမှာ နှင်းကျနှုန်းပြင်းထန်လွန်းလို့ သင့်မျက်နှာရှေ့က သင့်လက်ကိုတောင် မမြင်ရပါဘူးတဲ့။

၁၃။ တောမီးတွေဟာ တစ်ခါတစ်ရံမှာ မီးလျှံလေဆင်နှာမောင်းကို ဖြစ်ပေါ်စေနိုင်တယ်။
Fire tornado

၁၄။ ၁၉၇၂ ခုနှစ် အီရန်နိုင်ငံမှာ နှင်းမုန်တိုင်း(Blizzard)တစ်ခုကြောင့် ဆီးနှင်းကျတာ ၈မီတာလောက်ထူပြီး ကျေးရွာပေါင်း ၂၀၀ လောက်ကို ဖုံးလွှမ်းသွားတယ်လို့ ဆိုပါတယ်။

၁၅။ တစ်ချို့ လေဆင်နှာမောင်းတွေဟာ ဖော်မြူလာဝမ်းပြိုင်ကားတွေထက်တောင် မြန်ပါတယ်တဲ့။

၁၆။ BC ၅၂၅ လောက်မှာ သဲမုန်တိုင်းတစ်ခုကြောင့် အီဂျစ်သဲကန္တာရတစ်ခုမှာ စစ်သားပေါင်းထောင်ချီလောက်ဟာ သဲပြင်အောက်မြုပ်သွားကြတယ်။

၁၇။ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်စေခဲ့တဲ့ မိုးသက်မုန်တိုင်းဟာ ၁၉၉၅ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့ပြီး ခရစ်ကတ်ဘောလုံးအရွယ်စားလောက်ရှိတဲ့ မိုးသီးများ ရွာချခဲ့တယ်လို့ ဆိုပါတယ်။

၁၈။ ၁၆၈၄ ခုနှစ်မှာ အအေးဓာတ်လွန်ကဲတဲ့ အတွက် သိမ်း(Thames)မြစ်ပြင်ကြီးဟာ ၂ လလောက်အထိ အေးခဲနေခဲ့ပါတယ်။
Frozen Thames


Ref: http://www.ngkids.co.uk
banner
ရှေ့ပို့စ်တစ်ခု
နောက်ပို့စ်တစ်ခု

0 မှတ်ချက်: